Pages

Sunday, October 16, 2011

ပျော်ရွှင်ခြင်း

တစ်ခါတစ်ရံ သူတစ်ပါးပျော်ရွှင်ခြင်းကို ကိုယ့်ရဲ့စိတ်ဆင်းရဲခြင်းနဲ့ လဲလှယ်ယူရတဲ့အခါတွေရှိခဲ့ဖူးတယ်။ တစ်ခါတစ်ရံကျတော့လည်း သူတစ်ပါး စိတ်ဆင်းရဲမှု.ကို ကိုယ့်ရဲ. ပျော်ရွှင်ခြင်းနဲ့ လဲလှယ်ယူမိတာတွေလည်း ရှိတက်ပါတယ်။ ဒါပေမယ့် အပြည့်အဝ ပျော်ရွှင်ခွင်တော့ မရခဲ့ဘူးလေ။ တစ်ခုခု အပြစ်မကင်းသလို ခံစားမိပြီး ပျော်ရွှင်ခြင်းမှာ တစ်စုံတစ်ရာ ကပ်ညှိနေတယ်လို့ ခံစားမိနေရလို့ပါ။ အမြဲလိုလို စဉ်းစားမိတယ် စစ်မှန်တဲ့ ပျော်ရွှင်မှု.ဆိုတာ  ဘယ်လိုဟာလည်းလို့လေ။ ဥပမာပေါ့- ပြိုင်ပွဲတစ်ခုမှာ အောင်နိုင်လို့ ပျော်ရွှင်ရပေမယ့် တင်းပြည့်ကျပ်ပြည့်တော့ မဟုတ်ပြန်ဝူး။ စိတ်ထဲမှာ နည်းနည်းလေးတော့ ခိုးလို့ခုလုခံစားချက်လေးတွေနဲ့ ရရှိတဲ့ပျော်ရွှင်မှု.ပဲဖြစ်နေလို့လေ။ တစ်ခါတစ်ရံတော့ ဘဝမှာ တင်းပြည့်ကျပ်ပြည့် ပျော်ဖူးချင်မိပါတယ်။ ပျော်ခွင့်ရမယ်ဆိုရင်ပေါ့လေ...................(အတွေးပွားရင်းရေးသားမိပါတယ်)

Thursday, April 28, 2011

အားလုံးပဲ မင်္ဂလာပါ

အားလုံးပဲမင်္ဂလာပါ အစစအဆင်ပြေကြပါစေ အခုမှ စပြီး ကြိုးစားကြည့်တာဆိုတော့ လိုအပ်ချက်တွေရှိနေရင် နားလည်ပေးကြပါ ကြိုက်နှစ်သက်ရာ စာစုများ အတွေးရသများနှင့် ကျန်းမာရေး ဗဟုသုတများ စာအုပ်များ ဂျာနယ်များကို တက်သလောက် မှတ်သလောက် ပြန်လည်မျှဝေပါရစေ
 လာရောက်ဖတ်ရှုသူ အားလုံးကို ကျေးဇူးတင်ပါကြောင်း.............