တစ်ခါတစ်ရံ သူတစ်ပါးပျော်ရွှင်ခြင်းကို ကိုယ့်ရဲ့စိတ်ဆင်းရဲခြင်းနဲ့ လဲလှယ်ယူရတဲ့အခါတွေရှိခဲ့ဖူးတယ်။ တစ်ခါတစ်ရံကျတော့လည်း သူတစ်ပါး စိတ်ဆင်းရဲမှု.ကို ကိုယ့်ရဲ. ပျော်ရွှင်ခြင်းနဲ့ လဲလှယ်ယူမိတာတွေလည်း ရှိတက်ပါတယ်။ ဒါပေမယ့် အပြည့်အဝ ပျော်ရွှင်ခွင်တော့ မရခဲ့ဘူးလေ။ တစ်ခုခု အပြစ်မကင်းသလို ခံစားမိပြီး ပျော်ရွှင်ခြင်းမှာ တစ်စုံတစ်ရာ ကပ်ညှိနေတယ်လို့ ခံစားမိနေရလို့ပါ။ အမြဲလိုလို စဉ်းစားမိတယ် စစ်မှန်တဲ့ ပျော်ရွှင်မှု.ဆိုတာ ဘယ်လိုဟာလည်းလို့လေ။ ဥပမာပေါ့- ပြိုင်ပွဲတစ်ခုမှာ အောင်နိုင်လို့ ပျော်ရွှင်ရပေမယ့် တင်းပြည့်ကျပ်ပြည့်တော့ မဟုတ်ပြန်ဝူး။ စိတ်ထဲမှာ နည်းနည်းလေးတော့ ခိုးလို့ခုလုခံစားချက်လေးတွေနဲ့ ရရှိတဲ့ပျော်ရွှင်မှု.ပဲဖြစ်နေလို့လေ။ တစ်ခါတစ်ရံတော့ ဘဝမှာ တင်းပြည့်ကျပ်ပြည့် ပျော်ဖူးချင်မိပါတယ်။ ပျော်ခွင့်ရမယ်ဆိုရင်ပေါ့လေ...................(အတွေးပွားရင်းရေးသားမိပါတယ်)
Sunday, October 16, 2011
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment